Content feed Comments Feed

လီဗာပူးလ် မန်နေဂျာဟောင်း ဟူလီယာ

 မိမိသည် ဘောလုံး လောကမှ မဟုတ်သော ပုဂ္ဂိုလ်များ အနက် ဒေါ်အောင်ဆန်းစုကြည်ကို အလေးစားဆုံး ဖြစ်ကြောင်း လီဗာပူးလ် မန်နေဂျာဟောင်း ဂျရတ်ဟူလီယာက ပြောကြားခဲ့သည်။

Euro Sport နှင့် ပြုလုပ်သော အင်တာဗျူးတွင် ဟူလီယာက ဘောလုံးလောက ပြင်ပမှ လူပုဂ္ဂိုလ်များ အနက် မြန်မာနိုင်ငံမှ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိမိအတွက် ကြည်ညိုစရာ အကောင်းဆုံးသူ တစ်ဦးဟု ပြောဆိုသွားသည်။ “မြန်မာနိုင်ငံရဲ့ The Lady (မစ်ရှယ်ယို ခေါင်းဆောင် ပါဝင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိ ဇာတ်ကား အမည်ကို ရည်ညွှန်းခြင်းဖြစ်) ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် အရမ်း လေးစား မိပါတယ်။ ခင်ဗျား အနေနဲ့ လူတစ်ယောက်ကို သူ့ရဲ့ သတ္တိနဲ့ စရိုက် သဘာဝတွေကြောင့် လေးစားနိုင်သလို ယုံကြည်မှု အတွက် မြဲမြဲမြံမြံ ရပ်တည် ရဲတာကိုလည်း လေးစားနိုင်ပါတယ်။ ဒါတွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် လုပ်ပြခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီး တစ်ဦး အနေနဲ့ပေါ့။ ဒါဟာ အံ့ဩ ချီးကျူးစရာပါ။ ခုဆိုရင် မြန်မာနိုင်ငံမှာ အများကြီး တိုးတက်မှုတွေ ရှိလာပြီလို့ ကျွန်တော်ထင်တယ်” ဟု ဟူလီယာက ဆိုသည်။

ဘောလုံး လောကတွင်မူ ငယ်စဉ်က ၎င်းသည် ရေမွန်ကိုပါကို အတုယူ ကြိုးစားခဲ့ကြောင်း ဟူလီယာက ပြောကြားခဲ့သည်။ ကိုပါသည် ရီးယဲလ်မက်ဒရစ်နှင့် ရိမ်းစ်အသင်းများတွင် ကစားခဲ့ဖူးသော ပြင်သစ် လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သည်။ ထို့အပြင် မစ်ချယ်ပလာတီနီမှာလည်း ၎င်းအပေါ် လွှမ်းမိုးမှုရှိကြောင်း အက်စ်တန်ဗီလာနှင့် အိုလံပစ် လိုင်ယွန်တို့ကို ကိုင်တွယ် ကြီးကြပ်ဖူးသည့် ဟူလီယာက ဆိုသည်။

ထို့အပြင် လီဗာပူးလ်တွင် ၎င်းကိုင်တွယ်ဖူးသည့် စတီဗန်ဂျရတ်ကို နှစ်သက်မိကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်တော် ဂျရတ်ရဲ့အသက် (၂၂)နှစ် အရွယ်မှာ လီဗာပူးလ် အသင်းခေါင်းဆောင် ရာထူးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ တော်တော်လေး ငယ်ပါသေးတယ်။

ဒါပေမဲ့ သူ့အသက်ဟာ သူပြသနေတဲ့ ခြေစွမ်းနဲ့ တစ်သင်းလုံးက သူ့အပေါ် လေးစား ကြည်ညိုမှုကြောင့် အသင်းခေါင်းဆောင် ရာထူးကို လက်ခံယူဖို့ ဘာပြဿနာမှ မရှိခဲ့ဘူး” ဟုလည်း ဟူလီယာ မှတ်ချက်ပြုခဲ့သည်။


Breaking News

Posted by wunpawngnewsgroup

Yaten 22/Dec/2011 8:55 t0 9:55 am ram hta Suumpra Bum lahta sumpyi yang makau Putao ginwang e Majan gasat nga ai lam chye lu ai.

MHH ni hte D-7 ni pawng ai hpyen hpung ni gaw Myen tai hpyen ni gasat poi byin nga ai lam.Shawng lam shiga dap na ni shana wa ai.shiga matut sagawn nga ga ai.


ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဟု ဆိုနိုင်မည့် ဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ထားသော မော်တော်ဆိုင်ကယ် တစ်စီးမှာ စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သော Lazareth မှာ Wazuma V8  ဟုအမည်ရသော လေးဘီးတပ်မော်တော်ဆိုင်ကယ် တစ်စီးကို စတင်ရောင်းချတော့မည်ဟု ကြေငြာခဲ့ကာ တစ်နာရီလျင်မိုင်  ၁၅၀ အထိမောင်းနှင်နိုင်ရန်ပြုလုပ်ထားကြောင်းလည်း သိရသည်။ အဆိုပါ ဆိုင်ကယ်ကို ကမ္ဘာ့ပေါ်ရှိ ဇိမ်ခံပစ္စည်းများ ကြော်ငြာ ရောင်းချသည့် JamesList ဝက်ဆိုက်တွင်တင်ထားပြီး အခွန်မပါ ယူရို ငွေ နှစ်သိန်း ဖြင့် ရောင်းချရန် ဈေးကမ်း လှမ်းထားသည်။

အဆိုပါကားမှာ Ferrari အင်ဂျင်ကို အသုံးပြုထားပြီး BMW မှပြုလုပ်သည့် ဂီယာခြောက်ခုထိုး ဂီယာလည်း တပ်ဆင်ထားကြောင်း သိရသည်။ ယခုဆိုင်ကယ်ကို မြင်းကောင်ရေ ၂၅၀ အားရှိသည့် အင်ဂျင်ဖြင့် စတင် မောင်းနှင်နိုင်မည်ဖြစ်ကာ ဆိုင်ကယ်အလေးချိန်မှာလည်း ၆၅၀ ကီလို ဂရမ်သာရှိကြောင်း သိရသည်။

အလားတူပင် ယခု ဆိုင်ကယ်တွင် သုံးထားသည့် ဆိုင်းထိန်းစနစ်မှာလည်း အလွန်ကောင်းမွန်ပြီး မြေပြင်ညီပုံစံ ရှော့ဘားလေးခု ပါဝင်ကာ အာရုံခံစနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။ သို့ရာတွင် ယင်းမော်တော် ဆိုင်ကယ်မှာ ဗြိတိန်တွင် မောင်းနှင်ခွင့်ရမည် မဟုတ်ဘဲ ကိုယ်ပိုင်လမ်း ရှိမှသာ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။


ဗန်းမော်မြို့နယ် သမိုင်းဖြစ်စဉ်

“ဗန်းမော်” ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန်းမော်” မှ ဆင်းသက်လာသော စကားဖြစ်သည်။ မန် = ရွာ၊ မော် =  အိုး ဟုအဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။

စမ္ပာနဂိုလ်မင်းဆက်ပျက်ပြီး သက္ကရာဇ် (၄၀၀) ကျော်တွင် စော်ဘွားသိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ မြို့နေရာတွင် မနေ၀ံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို့ ပြောင်းရွှေ့လာခဲ့ပြီး မြို့ပြတည်ထောင်၍ အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် (၆၈၉) ခုနှစ်တွင် စော်ဘွား စစ်ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက်တောင်းခံသည်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖအား ဗန်းမော်စော်ဘွားအဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စော်ဘွား (၂၃) ဆက် နှစ်ပေါင်း (၃၅၀) အုပ်စိုးခဲ့သည်။


မိုးမောက်မြို့နယ် ဖြစ်စဉ် (၁)

ဗန်းမော်ဒေသတွင် စမ္ပာနဂိုရ်မင်း တိုင်းပြည်အုပ်စိုးစဉ်က သားတော်ကြီး စိတ္တရာဇာနှင့် သားတော်ငယ် ဂုတ္တရာဇာတို့ ထွန်းကားခဲ့ကာ ခမည်းတော် နတ်ရွာစံပြီးနောက် နောင်တော် စိတ္တရာဇာက ထီးနန်းကိုဆက်ခံခဲ့သည်။ ညီတော် ဂုတ္တရာဇာက တစ်ထီးတစ်နန်း တည်ထောင်ရန် ယခု မိုးမောက်တောင်ဘက် (၂) မိုင်ခန့်နေရာတွင်  မြို့တည်ခဲ့ပြီး စမ္ပာနဂိုရ်ပြည်ကို တိုက်ခိုက်နိုင်ရန် လူသူလက်နက် စုဆောင်းပြီး ပြည့်စုံသောအခါမှ ယခု မိုးမောက်တည်ရာ ကုန်းမြင့်ရွာမှ ဆက်သားစေလွှတ်၍ စစ်ယှဉ်ပြိုင်ရန် နောင်တော် စိတ္တရာဇာထံ အကြောင်းကြားခဲ့သဖြင့် ဆက်သားနေထိုင်သည့် ယခု မိုးမောက်မြို့အား ရှမ်းဘာသာစကားဖြင့် (မန်မောက်ရွာ) မြန်မာဘာသာဖြင့် (သတင်းပို့သည့်ရွာ) ဟု ခေါ်ဝေါ်ခဲ့သည်။

မိုးမောက်မြို့နယ် ဖြစ်စဉ် (၂)

(၁၇၆၅) ခုနှစ်တွင် ဆင်ဖြူရှင်မင်းလက်ထက် ဗန်းမော်မြို့ဝန်သည် ဗန်းမော်သို့ ကုန်စည်ကူးသန်းရောင်းဝယ်ရန်လာသည့် တရုတ်ကုန်သည်များအား ဗန်းမော်သို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ ယခုမိုးမောက်တည်ရှိရာ ရွာငယ်၊ ရှမ်းဘာသာဖြင့် “ပန်းကော်စခန်း”၊ မြန်မာဘာသာဖြင့် (သစ်အယ်ပင်စခန်း) မှ တစ်ထောက်ရပ်နား သတင်းပို့စေခြင်းကြောင့် “သတင်းပို့သည့်ရွာ” ကို ရှမ်းဘာသာဖြင့် “ဗန်းမောက်ရွာ” ဟုခေါ်ဝေါ်ခဲ့ကြောင်း ရွာ၏အရှေ့ဘက်တွင် ချောင်းတစ်ခုစီးဆင်းပြီး ရွာသားများ လယ်ယာစိုက်ခင်းများ လုပ်ကိုင်ကြရာတွင် ယင်းချောင်းမှရေကို ၀ါးရေတံလျှောက်ဖြင့် သွယ်ယူအသုံးပြုခဲ့သဖြင့် ၀ါးရေတံလျှောက်ကို အစွဲပြု၍ ရှမ်းဘာသာဖြင့် “နန့်မောက်ချောင်း” ဟု ခေါ်ဝေါ်ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့အား တွန်းလှန်စစ်ဆင်နွှဲရာတွင် ရွှေဘိုဒေသမှ ဗမာတိုင်းရင်းသားတို့သည် နယ်ချဲ့ကို တွန်းလှန်ရှောင်တိမ်းရင်း “မန့်မိန်းမောက်ရွာ” သို့ ရောက်ရှိ နေထိုင်ခဲ့ကြောင်း၊ ဗမာတို့က ရှမ်းဘာသာ “မန့်မိန်းမောက်” ကို ဗမာသံဖြင့် “မိုးမောက်” ဟု ခေါ်ဆိုကြရာမှ ယနေ့တိုင် “မိုးမောက်” ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း သိရှိရပါသည်။

မိုးမောက်မြို့နယ် ဖြစ်စဉ် (၃)

မိုးမောက်သည် ယခင်က ဗန်းမော်ခရိုင် ဗန်းမော်မြို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ စိန်လုံကျေးရွာကို (၁၉၀၃) ခုနှစ်တွင် တောင်တန်းမြို့အဖြစ် သတ်မှတ်၍ (၂၄-၆-၁၉၄၇) ခုနှစ်အထိ အင်္ဂလိပ်တောင်တန်းဝန်ထောက် (၅)ဦးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနောက်ပိုင်း (၃၀-၉-၁၉၆၅) နေ့ထိ တိုင်းရင်းသားတောင်တန်းဝန်ထောက် (၁၃) ဦးဖြင့် စိန်လုံတောင်တန်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂-၃-၁၉၆၂) နေ့မှစ၍ တော်လှန်ရေးကောင်စီ ပေါ်ပေါက်ခဲ့ရာ စိန်လုံမြို့အား တောင်တန်းမြို့အဖြစ် ဆက်လက်တည်ရှိစေရန် ရည်ရွယ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း နယ်မြေမအေးချမ်းခြင်း၊ လူဦးရေနည်းပါးခြင်း၊ စီးပွားရေးအချက်အချာ မကျခြင်းတို့ကြောင့် (၁-၁၀-၁၉၆၅) နေ့တွင်  စိန်လုံတောင်တန်း ၀န်ထောက်ရုံးအား မိုးကောင်းမြို့သို့ ပြောင်းရွှေ့၍ ရုံးဖွင့်လှစ်ခဲ့ပါသည်။

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၇-၇-၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၅၃) ဖြင့် မိုးမောက်ရွာအား မိုးမောက်မြို့နယ်ခွဲ၊ စိန်လုံမြို့နယ်ခွဲ၊ မြို့သစ်မြို့နယ်ခွဲ နှင့် ဒေါဖုန်းယန်မြို့နယ်ခွဲများ အဖြစ် ဖွဲ့စည်းပေးခဲ့ပါသည်။

မိုးမောက်မြို့နယ်မှ ပင်လုံညီလာခံ ကိုယ်စားလှယ်များ ဒူဝါဇော်လောန် (ပန်ဟုတ်ရွာဇာတိ) ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သူ ဒူဝါဇော်လ (လော့ဒန်ရွာဇာတိ) နှင့် ပင်လုံညီလာခံ တက်ရောက်ခဲ့သူ ဆရာကြီး ဦးမရန်လ (စိန်လုံးဇာတိ) တို့ ပါဝင်ခဲ့ကြပါသည်။

ဗိုလ်မှူးချုပ် လဇွန်တန်ဂျီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဦးလဇွန်ထန်၊ ယခင် စစ်တက္ကသိုလ် ကျောင်းအုပ်ဟောင်း နိုင်ငံတော် ကောင်စီဝင်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး ဦးလဖိုင်ခွန်နော်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်၊ ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဒူဝါလ၀မ်လီ၊ ဗိုလ်ကြီး လဗျလ၊ အငြိမ်းစား သန်းခေါင်စာရင်း မင်းကြီး ဦးရှမ်းလွမ်း၊ ကချင်ပြည်နယ်ဒေသပါတီ ကော်မတီအတွင်းရေးမှူး ဦးလအုန်းယော်၊ ဆရာကြီး ဦးကရိန်တန် တို့မှာ ထင်ရှားသော မိုးမောက်မြို့နယ်သားများ ဖြစ်ကြပါသည်။

ရွှေကူမြို့နယ် ဖြစ်စဉ်သမိုင်း

ရွှေကူမြို့သည် သမိုင်းတွင်ထင်ရှားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းကြီးသည် ပုဂံနိုင်ငံတော် ကမ္ပဒီပတိုင်းနှင့် ကမ္ဘောဇတိုင်းကို သီးခြားဖြစ်စေရန် ကင်းမြို့ (၄၃) မြို့ကို တည်ထားခဲ့ရာ ရွှေကူသည် ကင်းမြို့တစ်မြို့အဖြစ် ထင်ရှားခဲ့သည်။
တန်ခိုးကြီး ရွှေပေါ်ကျွန်းဘုရားကို အကြောင်းပြု၍လည်းကောင်း၊ မွန်ဂိုကျူးကျော်မှု၊ မန်ချူးကျူးကျော်မှု၊ တွန်းလှန်တိုက်ပွဲတို့ကို ချီတက်ရာတွင် ရွှေကူမြို့သည် အထောက်အကူစခန်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။ ရွှေကူမြို့နေရာသည် လူနေဒေသအဖြစ် စတင်ဖြစ်ပေါ်လာသည်မှာ ဘီစီ (၂၆၀) ခုနှစ်တွင်ဖြစ်ကြောင်း အထောက်အထားများ၌ တွေ့ရှိရသည်။

ရွှေကူမြို့ဟုခေါ်ဆိုရခြင်းမှာ မော်လမြိုင်တောရပ်မှဂူ၊ မန်ပိန်းဂူ လွင်ပြင်မှဂူ၊ တောပုန်းရွာ ဂူကုန်းကြီးမှ ဂူ ဟူသော ဂူသုံးဂူတို့ကိုအကြောင်းပြု၍ ရွှေဂူဟု ခေါ်ဆိုခဲ့ကြောင်းကို မန်လည်ဆရာတော်ဘုရား ရေးသားတော်မူခဲ့သော ၀ါဆိုသိမ်ကျောင်းအဆိုအရ သိရှိရသည်။

ရွှေကူမြို့သည် ယခင်အခါက မိုးမိတ်၊ မိုးကောင်း၊ ဗန်းမော်၊ သုံးပြည်ထောင်နယ်စပ်တွင်ဖြစ်ပြီး ချောက်တို့ကိုဖို့၍ ခံတပ်မြို့ တည်ဆောက်ခဲ့သည်။ ခံတပ်ကိုရုပ်သိမ်းသွားသောအခါ ရှမ်းတို့က “မိန်ကူ” ဟူ၍လည်းကောင်း၊ “ဝှေကူ” ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ရှမ်းဘာသာတွင် “ဝှေ” ၏ အဓိပ္ပာယ်မှာ “ချောက်” ဖြစ်ပြီး၊ “ကူ” = ရုပ်သိမ်းခြင်းဟု အဓိပ္ပာယ်ရသဖြင့် “ချော်ကိုဖို့၍ ခံတပ်ရုပ်သိမ်းရာနေရာ” ဟု ဆိုလိုသည်။ “ဝှေကူ” ဟူသော ရှမ်းစကားမှ ရွှေကူဟု ပြောင်းလဲခေါ်ဝေါ် လာကြသည်ဟု လည်းကောင်း၊  ရွှေပေါ်ကျွန်းဘုရားသမိုင်းတွင် ဖော်ပြထားသည်။

မြို့တည်စဉ်က ငွေကြေးမလုံလောက်မှုကြောင့် နယ်ရှင်စော်ဘွားတို့က မြန်မာမင်းအား ရွှေအခွန်တော် ဆက်သွယ်ကူညီရသောကြောင့် ရွှေကူဟု ခေါ်တွင် လာသည်ဟူ၍လည်းကောင်း၊ ရွှေကူမြို့အထက် ရွှေပေါ်ကျွန်းမှ အရောင်အဆင်းတောက်ပပြီး အုန်းသီးလုံးအရွယ်ပမာဏရှိသော ရွှေလုံးကြီးတစ်လုံးသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် ရွှေကူမြို့ တည့်တည့်ဘက်သို့ မကြာခဏကူးတတ်လာသည်ကို အကြောင်းပြု၍ “ရွှေကူမြို့” ဟူ၍ ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း မှတ်တမ်း၌ တွေ့ရှိရသည်။

ပုဂံခေတ် အနော်ရထာမင်းလက်ထက် မြန်မာသက္ကရာဇ် (၃၉၇) ခုနှစ် တပေါင်းလဆန်း (၁၂) ရက်နေ့တွင် ကင်းတပ်မြို့ (၄၃)မြို့ကို တည်ဆောက်ခဲ့ရာ ရွှေကူမြို့လည်း ကင်းတပ်အဖြစ်ပါဝင်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် နန္ဒပေါ်ထင်ဘွဲ့ခံ စက္ကဗလအမည်ရ ငမန်ထွေးသည် ရွှေကူမြို့ကို အလောင်းမင်းတရားကြီးထံမှ ခြားနားခဲ့သည်။ (၁၁၄၃) ခုနှစ် ပဒုံမင်းလက်ထက် သားတော် မင်းရဲကျော်စွာအား ရွှေကူမြို့ကို အပိုင်စားစေခဲ့သည်။

(၁၈၈၅)ခုနှစ် ဒီဇင်ဘာလတွင်  ရွှေကူမြို့သို့ ဗြိတိသျှတပ်များ ၀င်ရောက်ခဲ့ကြသည်။ (၁၈၈၇)ခုနှစ်တွင် ရွှေကူမြို့ကို ခရိုင်ခွဲသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ရာ ပထမဆုံး ခရိုင်ခွဲဝန်ထောက်အဖြစ် အုပ်ချုပ်ခဲ့သူမှာ မစ္စတာဘလိုနေ ဖြစ်သည်။

(မှတ်ချက်။ ။ ဒေါ်ခင်သိန်း၊ ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်မှ ဦးစီးပြုစုသည်။)

 မြစ်ကြီးနားအွန်လိုင်းမှဖော်ပြသည် ။

တောင်ကိုးရီးယား သမ္မတ လုပ်ကြံခံရမှု ဗွီဒီယိုဖိုင် သတင်း

စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁ စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ "ရွှေရတနာ" မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။ ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုချက်မရသေးပါဘူး။ "လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမ၀င် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။" လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။ အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကို ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအ၀ိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။ ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။ SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Tel : 6337 0891



ခခူးလ



အခု ကျွန်တော်က တတ်နိုင်တဲ့ အပိုဒ်က အနည်းငယ်တင်ပြချင်ပါတယ်။ ယခု ကရင် ခေါင်းဆောင်တဦးဖြစ်သော ဦးအေစိုးမြင့်ကလဲဘဲ တင်ပြသွားတဲ့အချက်ထဲမှာ အခုရှမ်းတွေမူဟာ ကောင်းတော့ကောင်းပါတယ်။ ကြိုက်တော့ကြိုက်ပါတယ်။

သို့ရာတွင် ဆိုတဲ့အချက်ပါ့ပဲ၊ အဲသည် “ သို့ရာတွင် ” ဆိုတော့မှ သူ့ဟာက တခုခုဖြစ်တဲ့အတွက်ကြောင့်တကြောင်း အခု ပြည်ထောင်စုစစ်စစ်မူဟာ လက်ခဲသင့်သည်လား ဆိုတာ ရှေ့နောက်မျိုးမျိုးစဉ်းစားစရာ ဆိုတော့ ကျွန်တော်နောက်ဆုံးနားလည်တာက စဉ်းစဉ်းစားစားလုပ်ကြပါ ဆိုတဲ့အချက်လို့ဘဲ ကျွန်တော်နားလည်မိပါတယ်။ သို့သော်လည်းဘဲ အားတက်စရာတခုရှိပါတယ်။

အဲဒါက ၁၉၆၁ - ခုနှစ်၊ မတ်လ(၁၈) ရက်နေ့၊ စနေနေ့နံနက်(၁၁) နာရီအချိန် ရန်ကုန်မြို့ အမှတ် ၂၁၊ ဟာမစ်တစ်လမ်း ကရင်ပြည်နယ်ကောင်စီ အစည်းအဝေးခန်းမကြီးတွင် အစည်းအဝေးပြုလုပ်ရာ၊ အမတ်များတက်ရောက်၍ ဆုံးဖြတ်ချက်တခုချမှတ်ထားတဲဥစ္စာဟာ ကျွန်တော်တို့အားတက်မိပါတယ်။

ဒါကဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ဟာ အရှည်သဖြင့်မရှိဘူး။ ကရင်ပြည်နယ်ကောင်စီအမတ်တွေ စည်းဝေးပြီးတော့  သူတို့ဆုံဖြတ်ချက်တခုချပါတယ်။ အဲသည်ဆုံးဖြတ်ချက်က ဘာလဲ ဆိုရင် သည်လိုရှင်းလင်းပြီးတဲ့နောက် ရှမ်းပြည်နယ်မှာတင်ပြတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံပြန်လည်သုံးသပ်ရေး ကော်မတီမှာ တင်ပြသည့်အတိုင် အားလုံးသဘောတူဆုံးဖြတ်ပါ။ “ ဆိုပြီးတော့ ကျွန်တော်တို့စာထဲမှာတွေ့တယ်။

သည်စာကိုလဲ ကျွန်တော်တို့အဲသည်လိုရရှိတော့ အခုဟာဦးအေစိုးမြင့်က သူတို့ရဲ့ အယူအဆကိုပြောတဲ့အခါမှာ ကျွန်တော်တို့ကိုစဉ်းစဉ်းစားစားလုပ်ကြပါလို့ အကြံပေးတယ် လို့ယူဆပြီးတော့ ကရင်ပြည်နယ်အမတ်တွေကတော့ သည်လိုဘဲဆုံးဖြတ်ပါသလားဆိုတာ အားလုံးသိဘို့ ကျွန်တော်ကတင်ပြခြင်းဖြစ်ပါတယ်။


  တက္ကသိုလ်ရိပ်သာလမ်းထောင့်


သေဆုံးပြီး အမျိုးသမီးတဦး

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်၊ ရန်ကုန်မြို့၊ ကမာရွက်မြို့နယ် ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတွင် ဗုံးတလုံး ပေါက်ကွဲကာ လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ် ။

မန္တလေး မြစ်ကြီးနား မီးရထားလမ်းပေါ်မှာ ၁၈ ရက် မနက်ပိုင်းက ဗုံး ၅ လုံး ပေါက်ကွဲခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ် ။

ယမန်နေ့ ကလဲး ထိုးဖူး ကျေးရွာနဲ့ ဆားမှော် ကျေးရွာ အကြား  ၂ လုံး တစ်ကြိမ်၊ ၃ လုံး တစ်ကြိမ် ဆက်တိုက် ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

  သေဆုံးခဲ့သူ နှစ်ဦးဟာ ဗုံးထောင်ရင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာ ဖြစ်နိုင်ပြီး ဘယ်အဖွဲ့အစည်းက ဆိုတာ အတိအကျ မသိရဘူးလို့ သိရပါတယ် ။

wunpang news group

စာသင်ခန်းခန်းတစ်နေရာမှ ဂျူရောသီ အာမက် (Jyoti Amge) 

အိန္ဒိယ နိုင်ငံ မှ ဂျူရောသီ အာမက် (Jyoti Amge) မှာ ကမ္ဘာ့ အရပ်အပုဆုံး သက်ရှိ အမျိုးသမီး အဖြင့် စာရင်းဝင်သွားပါတယ်။

WPNG


ဇော်ရှန်  20 12 2011

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်သည်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါသည်။

မစ္စတာ တက်ဆင်သည် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်၏ ခရီးစဉ် ချောမွေ့ အဆင်ပြေ စေရန်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရေး ကိစ္စများ အကူအညီပေးရန် အတွက် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။


''   မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ် ''

"ဓါတ်ပုံ       wunpawng news group  "'

မစ္စယင်းလပ် ရှင်န၀ပ်သည် စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများ ညီလာခံကို တက်ရောက်ရန် ယခုမြန်မာနိုင်ငံကို ရောက်ရှိနေပါသည်။

မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများဖြစ်သည့်   တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့၏ ကိုယ်စားလှယ် များလည်း မြန်မာနိုင်ငံသို့ ရာက်ရှိ နေကြပါသည်။

မစ္စတာ တက်ဆင်သည်၊ ၄င်းဝန်ကြီးချုပ်လက်ထက် ၌လည်း မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။

မစ္စယင်လပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည်၊ မစ္စယင်လပ်နှင့်  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်တို့ တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည်ဟု အကဲခတ်များက သုံးသပ် ကြပါသည်။

စင်္ကာပူနိုင်ငံတွင်း ရောက်ရှိ အလုပ် လုပ်ကိုင်နေတဲ့  မြန်မာအမျိုးသမီး အစေခံတဦးဟာ ခုံးကျော်တံတားတစ်ခုပေါ်မှ ယာဉ်များသွားလာနေချိန်  လမ်းပေါ်ခုန်ချ သေကြောင်းကြံခဲ့ကြောင်း စကာပူရောက်မြန်မာများ ပြေားဆိုမူအရ သိရှိရပါတယ် ။


ဓါတ်ပုံ .zogampost

ခုန်ချတဲ့နေရာကတော့ Kallang-Paya Lebar အဝေးပြေးလမ်း၊ Pan-Island အဝေးပြေးလမ်း နှင့် Sims လမ်းမဆုံနေရာမှာ လုပ်ကြံခဲ့တာဖြစ်တယ်လို့  ၀န်ပေါင် ကချင်သတင်းဌာန ကို ပြောပါတယ် ။

လုပ်ကြံခံ မြန်မာအမျိုး သမီးအသက်ဟာ  ၂၇ နှစ်အရွယ် ဖြစ်ပြီး Katong Shopping Centre အလုပ်သမား ရှာဖွေပေးရေး အေဂျင်စီ (the United Channel Employment Agency)များ နဲ့ တွေဆုံပြီး နေ ၁၁ ပါတ်ဝန်းကျင်က လုပ်ကြံခဲ့တယ်လို့ မျက်မြင်များက ပြောတယ်လို ဆိုပါတယ် ။

အလုပ်သမားရှာဖွေပေးရေးအေဂျင်စီ အဖွဲ့များနဲ့တွေ့ဆုံအပြီး နေအိမ်အပြန်လမ်း လုပ်ကြံတဲ့ မြန်မာအမျိုးသမီးကတော့ အပြာရောင်အင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်ပြီး ခုံးကျော်တံတားအစွန်းရှိ ပန်းခင်းပေါ် ငါးမီးနစ်ခန့်ရပ်ပြီး မျက်နာမှာ တခုခုကို အရန်းခံစားပုံ တွေတယ်လို့  မျက်မြင်များ ပြေားဆိုမူကတဆင့် သိရပါတယ် ။

ဓါတ်ပုံ .zogampost


မြန်မာနိုင်ငံသား တဦးကို ပြည်သူကာကွယ်ရေးအင်အား အဖွဲ့  ပြောခွင့်ရ တဦးကို ဖုန်းဆက်မေးတော့
'' အရေးပေါ်ကားကို လွှက်လိုက်တယ်။ သူ့ညာဘက် လက်မှောင်းနဲ့ ဘယ်ဘက် ခြေထောက် ကျိုးနေတာတွေရတယ်။ သူကို အခု  Tan Tock Seng ဆေးရုံ အရေးပေါ်အခန်း ရောက်နေတယ် '' ဖုန်းဆက်မေးခဲ့သူက ၀န်ပေါင်သတင်းဌာန ကိုပြောပြခဲ့တာပါ ။


ဆက်ပြီးသူက '' အခုလို လုပ်ကြံတဲ့ အထိ ဖြစ်ခဲ့တာ ဒီတကြိမ်နဲ့ဆို အနည်းဆုံး သုံးယောက် လုပ်ကြံခဲ့တယ်လို့ လည်း သူက ဆက်ပြီးပြောပါတယ် ။ ခုန်ချသေကြောင်းကြံမှုတွင် တတိယမြောက်ဖြစ်ကြောင်း သိရှိရသည်။

ဘာကြောင့် အခုလို လုပ်ကြံမူတွေ ဘကြောင့်  ဖြစ်နေတယ်လို့  မသိရှိရသေးပါဘူး ။

 ချင်းအမျိုးသား ဦးဆန်ကပ်လျန်း
လွန်ခဲ့သည့်  သောကြာနေ့မှာ  သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့ Wolffdene ရှိ Albert မြစ်၌ မြန်မာနိုင်ငံသားတဦး ငါးမျှားရာမှ ရေနစ်သေဆုံးခဲ့ရသည်ဟု သြစတြေးလျမှလာသော သတင်းများအရ သိရပါတယ် ။

အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသား ဦးဆန်ကပ်လျန်းဟာ ဒုက္ခသည်အဖြစ် သြစတြေးလျနိုင်ငံတွင် ခိုလှုံနေထိုင်သူဖြစ်ပါတယ် ။

အခင်းဖြစ်ပွားချိန်တွင် ၎င်း၏ဇနီးဖြစ်သူက "ငါးအကြီးကြီးရတယ်လို့ ကျမကို ပြောပြီး ကျမကို ငါးမျှားကြိုးနာနာကိုင်ထားဆိုပြီး သူရေထဲခုန်ချသွားတယ်။ အဲဒါနဲ့ သူပြန်ပေါ်မလာတော့ဘူး။" ဟု ပြောပါတယ် ။

ကျမဘာမှ မမှိတ်တော့ဘူး။ သူသေတယ်လို့တောင် ကျမစိတ်က အခုချိန်ထိ မယုံကြည်သေးဘူး။ မယုံနိုင်ဘူး။ ဟု သူမက ဆက်ပြောတယ် ။

အလောင်းအား ဒေသခံရဲများ၏ ရှာဖွေပေးမှု့ကြောင့် အခင်းဖြစ်ပွားပြီးနောက်တနေ့ နေ့လည် ၁၂ နာရီဝန်းကျင်၌ တွေ့ရှိခဲ့တယ် ။

အခင်းဖြစ်ပွားရာ၌ မိတ်ဆွေ ၁၀၀ နီးပါးလောက်က သေဆုံးသူနှင့် ကျန်မိသားစုဝင်များအတွက် ဝတ်ပြုဆုတောင်းမေတ္တာပို့ပေးခဲ့ကြတယ် ။

Kap San Lian (Falam)

Posted by wunpawngnewsgroup

အသက် ၂၇ နှစ် အရွယ် ချင်း အမျိုးသား တစ်ဦး သြစတြေးလျတွင် ရေနှစ် သေဆုံးမှု ဗွီဒီယိုဖိုင်း


ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (K.B.C) အတွင်းရေးမှူး ဆရာကြီး ဆမ်ဆွန်ရဲ့ ခရစ်မတ်စ် မိန့်ခွန်း ဗွီဒီယိုဖိုင်

ll

ဒီဇင်ဘာလ (၆/၇) ရက် ကေအိုင်အေ တပ်ရင်း (၃) အခြေစိုက် ဝူထောင်တောင်မှာ ကေအိုင်အေနှင့် သိန်းစိန် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်အစိုးရစစ်သား (၃၀၀) ကျော် ကျဆုံးကြောင်းသိရှိရပါတယ်။

 
ရှေ့တန်းစစ်မြေပြင်မှ ကေအိုင်အေစစ်သားများ
 
တဆက်တည်းမှာပင် ဒီဇင်ဘာလ ၈ ရက်နေ့ တိုက်ပွဲမှာတော့ (၁၀၀) ဝန်းကျင် ကျဆုံးကြောင်း သိရှိရပါတယ်။ အားလုံးပေါင်းရင် စစ်အစိုးရစစ်သားများ ဝူထောင် စခန်းတိုက်ပွဲမှာ စစ်သား (၄၀၀) နီးပါးကျဆုံးသွားပြီ ဖြစ်ကြောင်းသိရှိရပါတယ်။

“စစ်အစိုးရစစ်သားများဟာ အော်ဟစ်ပြီးချီတက်လာရာ ကေအိုင်အေ တပ်ရင်း (၃) တို့မှ ခံပစ်ခြင်းဖြစ်တယ်..” ဒီသတင်းကို တပ်ရင်း (၃) မှ ဖုန်းဆက်ပြီးပြောပြလာပါတယ်။

အဲ့လိုတိုက်ပွဲတွေဖြစ်ပြီးနောက် စစ်အစိုးရစစ်သားများအဆမတန် ပြန်လည် ချီတက်လာမှုကြောင့် ကေအိုင်အေတပ်ရင်း (၃) ကိုခေတ္တခဏနေရာဖယ်ပေးလိုက်ခြင်း ( ခွာစစ်ဆင်ခြင်း) ဖြစ်တယ်လို့ သိရပါတယ်။နေရာဖယ်ပေးလိုက်ပေမယ့် တိုက်ပွဲဟာနေ့တိုင်း ဖြစ်ပွားနေပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံရုန်ခရိုင် လာရိန်းဒေသမှာ ဝင်ရောက်ခိုလှုံနေတဲ့ ကချင် စစ်ပြေးဒုက္ခသည်များကို နေရပ်ရင်းပြန်ဖို့ တရုတ်အာဏာပိုင်များက သောကြာနေ့ နံနက် ၁၂ ရီခန့်မှာ  ပြောကြားလာတယ်လို့  စစ်ပြေဒုက္ခသည် များကို ကူညီရေးအဖွဲ့သား တဦးကပြောပါတယ် ။

စစ်ပြေးဒုက္ခသည် ကလေးများ

ကချင်ပြည်နယ် စစ်ပွဲးများ စတင်ဖြစ်ခဲ့တဲ့ ဒေသ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်  တဘက်ကမ်း မှာရောက်နေကြတဲ့ စစ်ပြေးဒုက္ခသည် ၂၅၀၀  ကျော်ကို နေရင်းပြန်ဖို့ တရုတ်နယ်စပ်လုံခြုံရေး အရာရှိလေးဦးကလာပြီး ပြောတယ်လို့ ဒုက္ခသည်များက ပြောပါတယ် ။

“ အခုက စစ်ပွဲဟာလဲ အရင်ကထက်တောင်  ပိုဆိုးလာတဲ့အချိန် ကျန်ာတို့ကိုပြန်ခိုင်းတယ်။ မြန်မာစစ်တပ်က အရန်းဆိုးတယ်။  မြန်မာစစ်တပ် ရွာမှာဝင်လာလို့ ထွတ်ပြေလာကြတာပါ '' စစ်ပြေဒုက္ခသည် များက ပြောပါတယ် ။

တိုက်ပွဲတွေကတော့ အရင်ကထက်ပိုပြီး များလာတဲ့အတွက်ကြောင့်  အိုးအိမ်စွန့်ခွာပြီးတော့ နယ်စပ်ဒေသဖြစ်တဲ့  လိုင်ဇာ၊ မိုင်ဂျာယန်၊ မန်ဝင်းစသည်ဖြင့်  ဒုက္ခသည် စခန်းများမှာ နေထိုင်တဲ့ လူဦးရေပေါင်းက လက်ရှိစာရင်းအရ  ၄၅,ဝဝဝ ကျော်ရှိနေတယ်လို့ သိရပါတယ် ။

“နိုင်ငံတကာ အကူညီပေးတဲ့ အဖွဲ့ လည်းမရောက်လာပါဘူး ။ အခုက တရုတ်ကလည်း အခုလိုလုပ်လာတော့ ဘယ်သွားရမှန်တောင် မသိတော့ဘူး '' ဟူ၍ စစ်ပြေဒုက္ခသည် တဦးကပြောပါတယ် ။

တိုက်ပွဲမှာ သောက်ကြာနေ့မှာ  ခြောက်လပြည့်မြောက်ပြီဖြစ်ပါတယ် ။  တိုက်ပွဲ ဖြစ်ပွားမှုကတော့ အကြိမ်ပေါင်း ၈ဝဝ ကျော်ရှိသွားဖြစ်ခဲ့တယ်လို့  ကေအိုင်အေ ကပြောပါတယ် ။
 
နိုဝင်ဘာလ ၂၉ ရက်နေ့ နှစ်ဘက် အပစ်အခတ် ရပ်ရေးတွေ့ဆုံမူ အကြိမ်အကြိမ်  ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီမှု မရသေးဘဲ တနေထက်တနေ တိုက်ပွဲးပြင်ထန်လာကာ စစ်ပြေဒုက္ခသည် ပိုပိုပြီးများလာနေကြောင်း သိရပါတယ် ။

Powered by Blogger.

Blog Archive

Followers

About Us

wunpawngnewsgroup
View my complete profile