Content feed Comments Feed

လီဗာပူးလ် မန်နေဂျာဟောင်း ဟူလီယာ

 မိမိသည် ဘောလုံး လောကမှ မဟုတ်သော ပုဂ္ဂိုလ်များ အနက် ဒေါ်အောင်ဆန်းစုကြည်ကို အလေးစားဆုံး ဖြစ်ကြောင်း လီဗာပူးလ် မန်နေဂျာဟောင်း ဂျရတ်ဟူလီယာက ပြောကြားခဲ့သည်။

Euro Sport နှင့် ပြုလုပ်သော အင်တာဗျူးတွင် ဟူလီယာက ဘောလုံးလောက ပြင်ပမှ လူပုဂ္ဂိုလ်များ အနက် မြန်မာနိုင်ငံမှ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိမိအတွက် ကြည်ညိုစရာ အကောင်းဆုံးသူ တစ်ဦးဟု ပြောဆိုသွားသည်။ “မြန်မာနိုင်ငံရဲ့ The Lady (မစ်ရှယ်ယို ခေါင်းဆောင် ပါဝင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိ ဇာတ်ကား အမည်ကို ရည်ညွှန်းခြင်းဖြစ်) ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် အရမ်း လေးစား မိပါတယ်။ ခင်ဗျား အနေနဲ့ လူတစ်ယောက်ကို သူ့ရဲ့ သတ္တိနဲ့ စရိုက် သဘာဝတွေကြောင့် လေးစားနိုင်သလို ယုံကြည်မှု အတွက် မြဲမြဲမြံမြံ ရပ်တည် ရဲတာကိုလည်း လေးစားနိုင်ပါတယ်။ ဒါတွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် လုပ်ပြခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီး တစ်ဦး အနေနဲ့ပေါ့။ ဒါဟာ အံ့ဩ ချီးကျူးစရာပါ။ ခုဆိုရင် မြန်မာနိုင်ငံမှာ အများကြီး တိုးတက်မှုတွေ ရှိလာပြီလို့ ကျွန်တော်ထင်တယ်” ဟု ဟူလီယာက ဆိုသည်။

ဘောလုံး လောကတွင်မူ ငယ်စဉ်က ၎င်းသည် ရေမွန်ကိုပါကို အတုယူ ကြိုးစားခဲ့ကြောင်း ဟူလီယာက ပြောကြားခဲ့သည်။ ကိုပါသည် ရီးယဲလ်မက်ဒရစ်နှင့် ရိမ်းစ်အသင်းများတွင် ကစားခဲ့ဖူးသော ပြင်သစ် လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သည်။ ထို့အပြင် မစ်ချယ်ပလာတီနီမှာလည်း ၎င်းအပေါ် လွှမ်းမိုးမှုရှိကြောင်း အက်စ်တန်ဗီလာနှင့် အိုလံပစ် လိုင်ယွန်တို့ကို ကိုင်တွယ် ကြီးကြပ်ဖူးသည့် ဟူလီယာက ဆိုသည်။

ထို့အပြင် လီဗာပူးလ်တွင် ၎င်းကိုင်တွယ်ဖူးသည့် စတီဗန်ဂျရတ်ကို နှစ်သက်မိကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်တော် ဂျရတ်ရဲ့အသက် (၂၂)နှစ် အရွယ်မှာ လီဗာပူးလ် အသင်းခေါင်းဆောင် ရာထူးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ တော်တော်လေး ငယ်ပါသေးတယ်။

ဒါပေမဲ့ သူ့အသက်ဟာ သူပြသနေတဲ့ ခြေစွမ်းနဲ့ တစ်သင်းလုံးက သူ့အပေါ် လေးစား ကြည်ညိုမှုကြောင့် အသင်းခေါင်းဆောင် ရာထူးကို လက်ခံယူဖို့ ဘာပြဿနာမှ မရှိခဲ့ဘူး” ဟုလည်း ဟူလီယာ မှတ်ချက်ပြုခဲ့သည်။


0 Responses to ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း လီဗာပူးလ် မန်နေဂျာဟောင်း ဟူလီယာဆို

Post a Comment

Powered by Blogger.

Blog Archive

Followers

About Us

wunpawngnewsgroup
View my complete profile