ချင်းအမျိုးသား ဦးဆန်ကပ်လျန်း
လွန်ခဲ့သည့် သောကြာနေ့မှာ သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့ Wolffdene ရှိ Albert မြစ်၌ မြန်မာနိုင်ငံသားတဦး ငါးမျှားရာမှ ရေနစ်သေဆုံးခဲ့ရသည်ဟု သြစတြေးလျမှလာသော သတင်းများအရ သိရပါတယ် ။
အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသား ဦးဆန်ကပ်လျန်းဟာ ဒုက္ခသည်အဖြစ် သြစတြေးလျနိုင်ငံတွင် ခိုလှုံနေထိုင်သူဖြစ်ပါတယ် ။
အခင်းဖြစ်ပွားချိန်တွင် ၎င်း၏ဇနီးဖြစ်သူက "ငါးအကြီးကြီးရတယ်လို့ ကျမကို ပြောပြီး ကျမကို ငါးမျှားကြိုးနာနာကိုင်ထားဆိုပြီး သူရေထဲခုန်ချသွားတယ်။ အဲဒါနဲ့ သူပြန်ပေါ်မလာတော့ဘူး။" ဟု ပြောပါတယ် ။
ကျမဘာမှ မမှိတ်တော့ဘူး။ သူသေတယ်လို့တောင် ကျမစိတ်က အခုချိန်ထိ မယုံကြည်သေးဘူး။ မယုံနိုင်ဘူး။ ဟု သူမက ဆက်ပြောတယ် ။
အလောင်းအား ဒေသခံရဲများ၏ ရှာဖွေပေးမှု့ကြောင့် အခင်းဖြစ်ပွားပြီးနောက်တနေ့ နေ့လည် ၁၂ နာရီဝန်းကျင်၌ တွေ့ရှိခဲ့တယ် ။
အခင်းဖြစ်ပွားရာ၌ မိတ်ဆွေ ၁၀၀ နီးပါးလောက်က သေဆုံးသူနှင့် ကျန်မိသားစုဝင်များအတွက် ဝတ်ပြုဆုတောင်းမေတ္တာပို့ပေးခဲ့ကြတယ် ။

0 Responses to သြစတြေးလျတွင် မြန်မာနိုင်ငံသားတဦး ရေနစ်သေဆုံး