စင်္ကာပူနိုင်ငံတွင်း ရောက်ရှိ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး အစေခံတဦးဟာ ခုံးကျော်တံတားတစ်ခုပေါ်မှ ယာဉ်များသွားလာနေချိန် လမ်းပေါ်ခုန်ချ သေကြောင်းကြံခဲ့ကြောင်း စကာပူရောက်မြန်မာများ ပြေားဆိုမူအရ သိရှိရပါတယ် ။
ခုန်ချတဲ့နေရာကတော့ Kallang-Paya Lebar အဝေးပြေးလမ်း၊ Pan-Island အဝေးပြေးလမ်း နှင့် Sims လမ်းမဆုံနေရာမှာ လုပ်ကြံခဲ့တာဖြစ်တယ်လို့  ၀န်ပေါင် ကချင်သတင်းဌာန ကို ပြောပါတယ် ။
လုပ်ကြံခံ မြန်မာအမျိုး သမီးအသက်ဟာ ၂၇ နှစ်အရွယ် ဖြစ်ပြီး Katong Shopping Centre အလုပ်သမား ရှာဖွေပေးရေး အေဂျင်စီ (the United Channel Employment Agency)များ နဲ့ တွေဆုံပြီး နေ ၁၁ ပါတ်ဝန်းကျင်က လုပ်ကြံခဲ့တယ်လို့ မျက်မြင်များက ပြောတယ်လို ဆိုပါတယ် ။
အလုပ်သမားရှာဖွေပေးရေးအေဂျင်စီ အဖွဲ့များနဲ့တွေ့ဆုံအပြီး နေအိမ်အပြန်လမ်း လုပ်ကြံတဲ့ မြန်မာအမျိုးသမီးကတော့ အပြာရောင်အင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်ပြီး ခုံးကျော်တံတားအစွန်းရှိ ပန်းခင်းပေါ် ငါးမီးနစ်ခန့်ရပ်ပြီး မျက်နာမှာ တခုခုကို အရန်းခံစားပုံ တွေတယ်လို့  မျက်မြင်များ ပြေားဆိုမူကတဆင့် သိရပါတယ် ။
မြန်မာနိုင်ငံသား တဦးကို ပြည်သူကာကွယ်ရေးအင်အား အဖွဲ့  ပြောခွင့်ရ တဦးကို ဖုန်းဆက်မေးတော့
'' အရေးပေါ်ကားကို လွှက်လိုက်တယ်။ သူ့ညာဘက် လက်မှောင်းနဲ့ ဘယ်ဘက် ခြေထောက် ကျိုးနေတာတွေရတယ်။ သူကို အခု Tan Tock Seng ဆေးရုံ အရေးပေါ်အခန်း ရောက်နေတယ် '' ဖုန်းဆက်မေးခဲ့သူက ၀န်ပေါင်သတင်းဌာန ကိုပြောပြခဲ့တာပါ ။
ဆက်ပြီးသူက '' အခုလို လုပ်ကြံတဲ့ အထိ ဖြစ်ခဲ့တာ ဒီတကြိမ်နဲ့ဆို အနည်းဆုံး သုံးယောက် လုပ်ကြံခဲ့တယ်လို့ လည်း သူက ဆက်ပြီးပြောပါတယ် ။ ခုန်ချသေကြောင်းကြံမှုတွင် တတိယမြောက်ဖြစ်ကြောင်း သိရှိရသည်။
ဘာကြောင့် အခုလို လုပ်ကြံမူတွေ ဘကြောင့် ဖြစ်နေတယ်လို့  မသိရှိရသေးပါဘူး ။
ဓါတ်ပုံ .zogampost

0 Responses to သုံးယောက်မြောက် စင်္ကာပူရောက် မြန်မာအမျိုးသမီး သေကြောင်းကြံ