Content feed Comments Feed


ဇော်ရှန်  20 12 2011

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်သည်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါသည်။

မစ္စတာ တက်ဆင်သည် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်၏ ခရီးစဉ် ချောမွေ့ အဆင်ပြေ စေရန်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရေး ကိစ္စများ အကူအညီပေးရန် အတွက် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။


''   မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ် ''

"ဓါတ်ပုံ       wunpawng news group  "'

မစ္စယင်းလပ် ရှင်န၀ပ်သည် စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများ ညီလာခံကို တက်ရောက်ရန် ယခုမြန်မာနိုင်ငံကို ရောက်ရှိနေပါသည်။

မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများဖြစ်သည့်   တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့၏ ကိုယ်စားလှယ် များလည်း မြန်မာနိုင်ငံသို့ ရာက်ရှိ နေကြပါသည်။

မစ္စတာ တက်ဆင်သည်၊ ၄င်းဝန်ကြီးချုပ်လက်ထက် ၌လည်း မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။

မစ္စယင်လပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည်၊ မစ္စယင်လပ်နှင့်  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်တို့ တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည်ဟု အကဲခတ်များက သုံးသပ် ကြပါသည်။

0 Responses to တက်ဆင်ရှင်န၀ပ် အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ

Post a Comment

Powered by Blogger.

Blog Archive

Followers

About Us

wunpawngnewsgroup
View my complete profile