Content feed Comments Feed


ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဟု ဆိုနိုင်မည့် ဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ထားသော မော်တော်ဆိုင်ကယ် တစ်စီးမှာ စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သော Lazareth မှာ Wazuma V8  ဟုအမည်ရသော လေးဘီးတပ်မော်တော်ဆိုင်ကယ် တစ်စီးကို စတင်ရောင်းချတော့မည်ဟု ကြေငြာခဲ့ကာ တစ်နာရီလျင်မိုင်  ၁၅၀ အထိမောင်းနှင်နိုင်ရန်ပြုလုပ်ထားကြောင်းလည်း သိရသည်။ အဆိုပါ ဆိုင်ကယ်ကို ကမ္ဘာ့ပေါ်ရှိ ဇိမ်ခံပစ္စည်းများ ကြော်ငြာ ရောင်းချသည့် JamesList ဝက်ဆိုက်တွင်တင်ထားပြီး အခွန်မပါ ယူရို ငွေ နှစ်သိန်း ဖြင့် ရောင်းချရန် ဈေးကမ်း လှမ်းထားသည်။

အဆိုပါကားမှာ Ferrari အင်ဂျင်ကို အသုံးပြုထားပြီး BMW မှပြုလုပ်သည့် ဂီယာခြောက်ခုထိုး ဂီယာလည်း တပ်ဆင်ထားကြောင်း သိရသည်။ ယခုဆိုင်ကယ်ကို မြင်းကောင်ရေ ၂၅၀ အားရှိသည့် အင်ဂျင်ဖြင့် စတင် မောင်းနှင်နိုင်မည်ဖြစ်ကာ ဆိုင်ကယ်အလေးချိန်မှာလည်း ၆၅၀ ကီလို ဂရမ်သာရှိကြောင်း သိရသည်။

အလားတူပင် ယခု ဆိုင်ကယ်တွင် သုံးထားသည့် ဆိုင်းထိန်းစနစ်မှာလည်း အလွန်ကောင်းမွန်ပြီး မြေပြင်ညီပုံစံ ရှော့ဘားလေးခု ပါဝင်ကာ အာရုံခံစနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။ သို့ရာတွင် ယင်းမော်တော် ဆိုင်ကယ်မှာ ဗြိတိန်တွင် မောင်းနှင်ခွင့်ရမည် မဟုတ်ဘဲ ကိုယ်ပိုင်လမ်း ရှိမှသာ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။


0 Responses to ကမ္ဘာ့ဈေးအကြီးဆုံး လေးဘီးတပ် ဆိုင်ကယ် စတင်ရောင်းချ

Post a Comment

Powered by Blogger.

Blog Archive

Followers

About Us

wunpawngnewsgroup
View my complete profile